Powered by Blogger.

Thursday, October 10, 2013

Honda Civic Hybrid ကားအကြောင်းသိကောင်းစရာ

Honda Civic Hybrid ဆိုသည်မှာ ...


၁၃၀၀စီစီတွေထဲမှာ ဒီဇိုင်းအလှဆုံး၊ modify လုပ်လို့ အကောင်းဆုံး ကားအမျိုးအစားလို့ သတ်မှတ်နိုင်ပါတယ်။ Hybrid အမျိုးအစားမို့ ပျက်ခဲ့သည်ရှိသော် ဘယ်လို ပြုပြင်ထိန်းသိမ်းမလဲဆိုတာကို တွေးပူနေကြလို့သာ၊ ၁၃၀၀စီစီကိုပဲ hybrid အင်ဂျင်နဲ့ မဟုတ်ခဲ့ဘူးဆို ဒီထက်မက မြန်မာတွေ အကြိုက်တွေ့စေမယ့် ကားပါပဲ။ ကြိုက်မယ်ဆိုလည်း ကြိုက်လောက်တဲ့ အနေအထား အသွင်အပြင်ရှိပါတယ်။ အတွင်းပိုင်း လှပသလို လူငယ်တွေအနေနဲ့ စိတ်တိုင်းကျ ပြုပြင်ပြောင်းလဲ ရုပ်ထုတ်နိုင်တဲ့ ကားပုံစံပါ။ Angel eyes တွေ တပ်မလား၊ skirt ထည့်မလား၊ spoiler အမြင့်ကြီးတွေဆင်မလား .... အရမ်းရုပ်ထွက်တဲ့ ကားပါ။

ဒီကားလေးတွေကို ၂၀၀၅ခုနှစ် ၁၁ပိုင်းမှာ စတင် ထုပ်လုပ်ခဲ့ပါတယ်။ ပြောင်းလဲမှုအနေနဲ့ကတော့ ၂၀၀၈ခုနှစ် ၉လ နောက်ပိုင်းထုတ်ကားတွေမှာတော့ နောက်မီးနဲ့ ရှေ့ fog lamp ပုံစံ ပြောင်းလဲသွားပါတယ်။ နောက်မီးခွက် အရင် အ၀ိုင်းပုံစံကနေ အဋ္ဌဂံ/ရှစ်မြှောက်ပုံစံလေး ဖြစ်သွားပါတယ်။ ရှေ့ဘက်က fog lamp ကလည်း အရင် ပုံစံဟောင်းတုန်းက လေးထောင့်၊ မော်ဒယ်အမြင့်တွေမှာက ဘဲဥပုံစံလေး ဖြစ်သွားပါတယ်။ ရှေ့ဘန်ဘာအချိုး၊ ပုံစံလည်း နည်းနည်းလေး ကွဲသွားပါတယ်။

Grade အခွဲတွေအနေနဲ့ အရမ်းမများလှပါဘူး။ MXB, MX, MXST ဆိုပြီး (၃)မျိုးခွဲခြားထားပါတယ်။ Chassis က အားလုံး အတူတူပါပဲ "FD3" ပါ။

MXB ကတော့ base grade ဆိုတဲ့အတိုင်း သူ့မှာ ဘေးမှန်မီးတန်း side mirror lamp မပါဘူး၊ fog lamp မပါ ပါဘူး။
MX ဆိုရင်တော့ မီးတွေ စုံလာပါပြီ။ အနောက်မှာ spoiler သေးသေးလေးလည်း ပါလာပါပြီ။
MXST ကတော့ ထိုင်ခုံအသားချင်းလည်း ကွာသွားတယ်။ Alloy wheel size လည်း 16" ဖြစ်သွားမယ်။ (MXB နဲ့ MX က 15")

Civic မှာ နောက်ထပ် အရေးကြီးတာက original tv ဖြစ် မဖြစ်ပါ။ original tv ဖြစ်မှ လက်ကိုင်မှာ steering audio controller ပါလာပါမယ်။ နောက်ပြီး သူ့မှာ cruise control ပါတာ၊ turn start ဖြစ်တာ၊ leather seat ဖြစ်တာတွေလည်း ရှိပါသေးတယ်။ အဲဒါတွေကျတော့ grade နဲ့ ခွဲလို့ မရတော့ဘဲ optional သာ ဖြစ်ပါတယ်။

သြော် ... နောက်ထပ် ကျွန်တော်ပြောဖို့ ကျန်တာသေးတာ UK grade တွေ ရှိပါသေးတယ်။ ဘာအားသာလဲဆိုတော့ leather seat တွေများပြီး ကားတိုင်း လက်ကိုင်မှာ audio controller က ဘယ်ဘက်၊ cruise control က ညာဘက်မှာ ကားတိုင်းနီးပါး ပါပါတယ်။ နောက်ပြီး airbag တွေလည်း ရှေ့နောက်၊ အပေါ်ပတ်လည် ပါတာမို့ ပိုစိတ်ချရပါတယ်။
Honda Civic ကိုပဲ USA grade ဆိုပြီး ထပ်ရှိသေးပေမယ့် အတွင်း၊ အပြင် ဒီဇိုင်း မတူတာရယ်၊ ဈေးများတာရယ်ကြောင့် ကားအရေအတွက် နည်းနည်းပါးပါးသာ မြန်မာပြည်မှာ ရှိပါတယ်။ ကျွန်တော်တို့ မြင်တွေ့နေကျ ကားလောက် မပေါက်ဘူးပေါ့နော်။

Civic တွေဟာ ဈေးတန်းအားဖြင့်တော့ သိန်း ၁၄၀ လောက်ကနေ သိန်း ၂၀၀ ကျော်အထိ ရှိပါတယ်။ ကီလိုအနည်းအများ၊ အရောင်၊ မော်ဒယ်၊ အက္ခရာနဲ့လည်း ဆိုင်ပါတယ်။ အနက်ရောင်နဲ့ အဖြူရောင်ကတော့ လူကြိုက်အများဆုံး အရောက်တွေပါပဲ။ နောက်ပြီး ကျွန်တော့်ကို မေးတတ်ကြတာက hybrid မဟုတ်တဲ့ civic saloon ဖြစ်တဲ့ Type R ကို မေးတတ်ကြပါတယ်။ လက်ရှိ အခွန်နှုန်းထား ပေါ်လစီအရ ၁၃၀၀စီစီလေးတွေသာ ဈေးသက်သာတာပါ။ ၂၀၀၀ စီစီဖြစ်သွားတဲ့ Civic Type R 2008 model လောက်ဆို သိန်း ၄၅၀ ကျော်သွားမှာမို့ အဆင်မပြေလှပါဘူး။

ဒီလောက်ဆို Honda Civic Hybrid အကြောင်း အကြမ်းဖျင်းလောက် လုံလောက်ပြီ ထင်ပါတယ်နော်။ ကျွန်တော့် စာပိုဒ်လေးတွေဟာ ကားအကြောင်း အလုံးစုံ ပြီးပြည့်စုံဖို့တော့ မဖြစ်နိုင်ပါဘူး။ နည်းနည်းပါးပါး ရိပ်ဖမ်းသံဖမ်း ခွဲခြားနိုင်ဖို့အတွက်လောက်တော့ အသုံးတည့်မယ် မျှော်လင့်ပါတယ်ဗျာ။

ကိုထွဋ်ထိပ် ရေးသားဖော်ပြထားခြင်းဖြစ်ပါသည်

Monday, August 20, 2012

CICYCLE PHOTOS




















Sunday, August 19, 2012

FLOWERS












































































































































































































white lotus flowers 12white lotus flowers 5white lotus flowers 7white lotus flowers 8white lotus flowers 14vanda orchid flowerorchid cymbidium flower